Carrot Cup Cake

IMG_2195

carrot cup cake recipe လေး မှတ်တမ်းမှတ်ထားလိုက်ပါတယ်။  မွှေစက်သုံးဖို့မလိုလို့ ပေါ့ပေါ့ပါးပါးလုပ်စားလို့ရလို့  တော်တော် သဘောကျမိတဲ့ မုန့်လေးပါ။

IMG_2453

လိုအပ်သောပစ္စည်းများ (cup cake ၈ခုစာအတွက်)

  • 100g all purpose flour
  • 1/2 tsp baking soda
  • 1/4 tsp salt
  • 1/2 tsp ground cinnamon
  • 1/4 cup walnuts
  • 1 egg
  • 50g sugar
  • 100 ml corn oil
  • 1/2 tsp vanilla
  • 120 g carrot (grated)
  • 1cup apple (grated)

IMG_2456oven ကို 180ံ အပူပေးထားပြီး ဂျူံမှုန့် ဆော်ဒါ ဆား သစ်ဂျပိုးမှုန့် walnutsများကို ဇလုံတခုတွင်ရောမွှေပါ။  နောက်ထပ်ဇလုံတခုတွင် ကြက်ဥ သကြား ဆီ ဗနီလာ ပန်းသီး မုန်လာဥနီများရောမွှေပါ။ ထို့နောက် ဂျုံအရောနှင့် သမအောင်မွှေပါ။

IMG_2457

ထို့နောက်အသင့်ပြင်ထားသော cup cake ခွက်လေးများထဲတွင် တ၀က်ခန့်ဖြည့်ပြီး 180ံတွင် မိနစ် ၂၀ ခန့်ဖုတ်ပါ။

IMG_2195

IMG_2464

စိမ့်စိမ့်လေးချိုတဲ့ carrot cup cake လေး၇ပါပြီရှင်။ ရှည်ကြောပြီး ခရင်လေးပါ လုပ်လိုက်သေးတယ်နော်။ 😀 လက်စမ်းနေတာပါ။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

ကက္ကတစ်ဆားငန်သီးပေါင်း

IMG_2431

ဒီတခါတော့ ကက္ကတစ်ကို plum sauce, ဆားငန်သီး များနဲ့ ပေါင်းထားပါတယ်။ အပြောင်းအလဲ ချိုချဉ် sauce လေးနဲ့မို့ အားလုံးလဲနှစ်သက်မယ်လို့ ယုံကြည်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းများကတော့

  • ကက္ကတစ် ၁ကောင်(အကြေးထိုး ၃ချက်ခန့်မွှန်းထားပါ)
  • ဟီတာရှီမှို ၃ပွင့်(ရေစိမ်ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅မွှာ(ပါးပါးလှီး)
  • ငရုတ်သီးခြောက် ၁တောင့်
  • ဆားငန်သီး ၃လုံး
  • plum sauce စားပွဲတင်ဇွန်း ၅ဇွန်း
  • ခရုဆီစားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား စားပွဲတင်ဇွန်းတ၀က်

IMG_2426

ငါးကိုအပူခံပန်းကန်ပြားပေါ်တွင်တင်ပြီး လှီးထားသောဟီတာရှီမမှို ကြက်သွန်ဖြူ ငရုတ်သီးခြောက်များတင်ပါ။ plum sauce ဆားငန်သီး ခရုဆီ ဆားကိုရောမွှေပြီး ငါးပေါ်မှဆမ်းကာ ပေါင်းအိုးထဲတွင် မီးရှိန်ပြင်းပြင်းဖြင့် မိနစ် ၂၀ခန့်ပေါင်းပါ။

IMG_2431ချိုချဉ်sauce အရသာလေးနဲ့ ကက္ကတစ်ဆားငန်သီးပေါင်းလေးရပါပြီရှင်။ အားလုံးပဲနှစ်သက်မယ်လို့ ယုံကြည်ပါတယ်။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

 

 

Pumpkin Cup Cake

IMG_2447

ဒီနေ့ pumpkin cup cake လေးတွေ လုပ်စားပါတယ်။ ရှိသမျှ website တွေထဲ လှန်လှောရှာဖွေပြီး အဆင်ပြေသလိုလေးလုပ်လိုက်တာ တော်တော်လေးစားကောင်းပါတယ်ရှင်။ တတ်လွန်းလို့ ဆရာကြီးလုပ်ချင်လွန်းလို့ post ရေးတာမဟုတ်ပါဘူး။ မနေ့တနေ့ကမှ မုန့်ဖုတ်ခြင်းအတတ်ပညာကို စတင်ထိတွေ့ဖူးတာပါ။ အဓိကကတော့ ကိုယ်လုပ်ထားတဲ့အချိုးအဆကို မှတ်တမ်းထားချင်တာရယ် website တွေလိုက်ဖတ်ရမှာ အချိန်မယူနိုင်တဲ့ စုလိုမျိုး မုန့်ဖုတ်ခြင်းကို စတင်စိတ်ဝင်စားတဲ့ မိတ်ဆွေများအတွက် စုရဲ့အဆင်ပြေတဲ့နည်းလေးကို မှတ်တမ်းတင်ထားလိုက်ရခြင်းသာဖြစ်ပါတယ်။

cup cake  ၁၂ခုစာအတွက်ပါ။

ရွှေဖရုံသီးအနေတော်တလုံးကို ထက်ခြမ်းခြမ်း အစေ့နှင့်အမျှင်များဖယ်ထုတ်ပါ။ ခြမ်းထားသောဘက်ကို အောက်ဘက်ထားပြီး oven ထဲတွင် ၁၇၀ံထားပြီး ၄၅ မိနစ်ထားပါ။ ရွှေဖရုံသီးအသားများ ဇွန်းနှင့်ခြစ်ယူကာ mixer ထဲတွင်ထည့်ပြီး ၅မိနစ်ခန့် ရွှေဖရုံသီးသားများညက်လာအောင်မွှေပေးပါ။

0ven ကို ၁၇၀ံ အပူပေးထားပါ။

  • 150 g all purpose  flour
  • 1tsp baking  powder
  • 1/2tsp baking soda
  • 1/2tsp cinnamon
  • 1/4tsp ginger
  • 1/2tsp salt
  • 100gunsaltedbutter
  • 80g  sugar
  • 2 egg
  • 1tsp vanilla
  • 150ml pumpkin

ထုံးစံအတိုင်းပါပဲ ဂျုံကိုဇကာစစ် baking powder, baking soda ,cinnamon ,ginger, salt များကိုဇလုံတခုထဲရောမွှေထားပါ။  unsalted butter, sugar ကို သမအောင်စက်နှင့်မွှေပါ။ ထောပတ်ပွတက်လာလျှင် ကြက်ဥကို တဥချင်းထည့် သမအောင်မွှေပါ။ vanilla နံ့ထည့်ပေးပါ။ ဇကာစစ်ထားသောဂျုံအရောကို ထောပတ်အရောနှင့်ရောမွှေပေးပါ။ မ evy အမြဲပြောလို့ အမြဲသတိထားမွှေတတ်တာ ကျေးဇူးပါလို့။ ဂျုံနဲ့စဂျုံနဲ့ဆုံးပေးပါ။ ခြေထားသော ရွှေဖရုံသီးအနှစ်ကိုထည့် သမအောင်မွှေပါ။

အသင့်ပြင်ထားသော cup cake ခွက်လေးများထဲတ၀က်ခန့်ထည့်ပြီး မိနစ် ၂၀ခန့်ဖုတ်ပါ။ မုန့်ကျက်လာရင် အအေးခံပေးပါ။ သစ်ဂျပိုးနံ့သင်းသင်းလေးနဲ့ pumpkin cup cake လေးရပါပြီရှင်။

စစချင်းမုန့်တွေလုပ်စက တော်တော်လေးခက်ခဲပင်ပန်းပေမဲ့ ခုနောက်ပိုင်းလုပ်ရင်းနဲ့ မုန့်ဖုတ်ခြင်းလုပ်ငန်းနဲ့စုနဲ့ နည်းနည်းအသားကျလာတယ်။ အဆင်နည်းနည်းပြေလာတယ်။ အစပိုင်းကစုပြောသလိုပါပဲ။ ဆရာကြီးလုပ်တာမဟုတ်ရပါဘူး။ နောက်တစ်ခေါက်မုန့်လုပ်ရင် ကျွန်မရဲ့ အချိုးအဆလေးမမှတ်မိတော့မှာစိုးလို့ မှတ်တမ်းလေးထားတဲ့ သဘောပါပဲနော်။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

My Very First Time Cheese Cake

IMG_2438

IMG_2440

ပထမဆုံးအကြိမ်လုပ်ဖူးတဲ့ cheese cake လေးပါ။ ကိတ်ဖုတ်ဖို့ အမြဲအားပေးတတ်တဲ့ မမစန္ဒီကို ကျေးဇူးတင်ပါတယ်။ အရသာကောင်းပေမဲ့ သိပ်တော့မလှလိုက်ဘူး။ နောက်တခေါက်မှ ပိုလှအောင် ထပ်ကြိုးစားမယ်နော်။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေရှင်။

ပိန်းဥကြော်

IMG_2353

မချောစုရဲ့ blog အတွက် wordpress account တခုလုပ်ရင်း စမ်းသုံးကြည့်ချင်လို့ ပို့စ်တစ်ခုရေးကြည့်လိုက်တာပါ။ ပိန်းဥကြော်လေးပါ။ ဒါလေးက ခမ်းနဲ့ မေမြို့မှာစားခဲ့ရတဲ့ ဆိုင်က ကြော်ထားတာမျိုးပါ။ အိမ်ပြန်ရောက်တော့ သမီးကစားချင်တယ်ဆိုတာနဲ့ စမ်းပြီးကြော်ကြည့်တာ ပုံစံလေးသိပ်မလှပေမဲ့ ဆိုင်ကအတိုင်း စားလို့တော့တော်တော်ကောင်းပါတယ်။

ပိန်းဥ ၃လုံးကို အခွံနွှာအတုံးလေးများတုံး နူးနေအောင်ပြုတ်ပါ။ နူးလာလျှင် ဇွန်းနှင့်ခြေကာ သကြားစားပွဲတင်ဇွန်း ၁ဇွန်း ဆား စားပွဲတင်ဇွန်း ၄ပုံ၁ပုံထည့် နယ်ပါ။ အလုံးလေးများလုပ်ကာ tempura flour ကပ်ပါ။ ပေါင်မုန့်ခြောက် နှမ်း ကပ်ပြီး မီးအသင့်အတင့်တွင် ထည့်ကြော်ပါ။ ချိုစိမ့်စိမ့် ပိန်းဥကြော်လေးရပါပြီနော်။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေရှင်။